#WorldEntertainment

Published- 5 Oct 2021

ဘရစ်တနီစပီးယားရဲ့အဖေဖြစ်သူ ဂျင်မီစပီးယားဟာ ထိန်းသိမ်းစောင့်ရှောက်မှုတာဝန်ကနေ ပြီးခဲ့တဲ့အပတ်က ရပ်ဆိုင်းခံရပြီး ဘရစ်တနီကတော့ သူ့ရဲ့ပရိသတ်တွေကို အထူးကျေးဇူးတင်ကြောင်း ဖော်ပြသွားပါတယ်။
ထောက်ခံအားပေးသူတွေကြောင့် ဘရစ်တနီစပီးယားဟာ အရင်ကထက် ပိုမိုခံနိုင်ရည်ရှိလာပါပြီ။
ထောက်ခံအားပေးသူတွေသာ ပြီးခဲ့တဲ့နှစ်တွေမှာ တောင်းဆိုမှုအသံတွေ မထွက်ခဲ့ဘူးဆိုရင် သူ့ရဲ့ထိန်းသိမ်းစောင့်ရှောက်ခံရမှုက အခြေအနေတိုးတက်လာမှာ မဟုတ်ဘူးလို နာမည်ကြီးအဆိုတော်က ဆိုပါတယ်။

"FreeBritney (ဘရစ်တနီကို လွှတ်ပေး) လှုပ်ရှားမှု... ကျွန်မပြောစရာစကားတောင်မရှိဘူး... ကျွန်မကို ထိန်းသိမ်းစောင့်ရှောက်ခံရမှု အခြေအနေကနေ လွတ်မြောက်အောင် အစဉ်တစိုက်ကြိုးစားခဲ့ကြတဲ့ ပရိသတ်တွေကြောင့် ကျွန်မအခု လွတ်မြောက်လာခဲ့ပြီ" လို့ အောက်တိုဘာ ၄ ရက် တနင်္လာနေ့မှာ ဘရစ်တနီက တွစ်တာပေါ် တင်ခဲ့တာဖြစ်ပါတယ်။

"ကျွန်မညက နှစ်နာရီလောက်ငိုနေခဲ့တယ်၊ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ပရိသတ်တွေက အကောင်းဆုံးပဲဆိုတာ ကျွန်မသိလို့ပါ။ ကျွန်မဘက်က ပရိသတ်ကိုနားလည်သလို ပရိသတ်တွေကလည်း ကျွန်မအတွက်ခံစားပေးခဲ့တယ်ဆိုတာ အမှန်ပါပဲ" လို့ ကလေး ၂ယောက်အမေဖြစ်သူက ဆိုပါတယ်။

စက်တင်ဘာ ၂၉ ရက်မှာ လော့စ်အိန်ဂျလိစ်အထက်တရားရုံးကနေ ဂျင်မီစပီးယားကို ဘရစ်တနီရဲ့ ထိန်းသိမ်းစောင့်ရှောက်သူအဖြစ်မှ ရပ်စဲကြောင်း ချမှတ်လိုက်ပြီး ကြားကာလမှာ အဲဒီနေရာအတွက် စီးပွားရေးလုပ်ငန်းပိုင်ရှင် ဂျွန်ဇေဘယ်ကို တာဝန်ယူခိုင်းလိုက်ပါတယ်။ဘဝအသစ်ပြန်စရသလို ဖြစ်တာကို စိတ်လှုပ်ရှားနေပေမယ့် စိတ်ဒဏ်ရာတွေကုစားဖိုတော့ ကျန်သေးတယ်လို့ ဘရစ်တနီက ဆိုပါတယ်။

ဘရစ်တနီရဲ့ကိစ္စမှာ သူ့အတွက်အမြဲရှိနေပေးသူကတော့ သူ့ချစ်သူဆမ်အက်စ်ဂါရီပဲ ဖြစ်ပါတယ်။
နောက်ဆုံးကြားနာမှုမှာ ဆမ်က ဘရစ်တနီဘေးမှာရှိနေခဲ့တယ်လို့ တွေ့မြင်သူက ဆိုပါတယ်။
"ဘရစ်တနီက ဒီရက်ပိုင်းတွေမှာ စိတ်ဖိစီးမှုတွေနဲ့ အတော်ဒုက္ခရောက်ခဲ့ပြီး ဆမ်နဲ့အတူ မြို့အပြင်ထွက်ကာ ခရီးသွားဖို့ကြံရွယ်ခဲ့တယ်"လို့ အတွင်းလူတစ်ယောက်က ဆိုပါတယ်။

ဘရစ်တနီရဲ့အဖေ ထိန်းသိမ်းရေးနေရာကနေ ရပ်စဲခံလိုက်ရတဲ့ သတင်းထွက်ပေါ်ပြီးချိန်မှာ ဘရစ်တနီဟာ သူလွတ်မြောက်သွားကြောင်း ဗီဒီယိုတွေ ပုံတွေကို တင်ခဲ့ပါတယ်။ဂျင်မီစပီးယားရဲ့ ရှေ့နေ ဗီဗီယန်သော်ရင်းက တရားရုံးကြေညာချက်အပြီးမှာ သူ့အစား စကားပြောဆိုကာ စိတ်ပျက်စရာဆုံးဖြတ်ချက်လို့ မှတ်ချက်ချသွားပါတယ်။ဂျင်မီက ဘရစ်တနီအတွက် စိတ်ဝင်တစားဂရုစိုက်ကြောင်း၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ကို သူကိုယ်တိုင်စိတ်ပါလက်ပါ ဆုံးဖြတ်ခဲ့ကြောင်း၊ လေးစားစွာဖြင့် မစ္စတာစပီးယားကို တာဝန်ရပ်စဲပြီး သူစိမ်းတစ်ယောက်ကို ဘရစ်တနီအတွက် တာဝန်ယူခိုင်းတဲ့ တရားရုံးဆုံးဖြတ်ချက်ဟာ မှားယွင်းကြောင်း၊ ဒီနွေအစောပိုင်းတုန်းက ဘရစ်တနီက ထိန်းသိမ်းစောင့်ရှောက်ခံရမှုကို ပယ်ဖျက်ပေးဖို့ တောင်းဆိုတာကိုလည်း သက်တမ်းထပ်ချဲ့လိုက်ကြောင်း သော်ရင်းကပြောသွားပါတယ်။

ဂျင်မီက တရားရုံးဆုံးဖြတ်ချက်ကို မကျေနပ်ပေမယ့် သူ့သမီးအတွက် အကောင်းဆုံးဖြစ်အောင် ဆက်လက်လုပ်ဆောင်ပြီး ကိစ္စအားလုံးကို အကောင်းမြင်စွာနဲ့ ယုံကြည်ချက်ထားပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သော်ရင်းကဆိုပါတယ်။အဲဒီအချိန်မှာပဲ ဘရစ်တနီရဲ့ရှေ့နေ မက်သယူးရိုဆန်ဂါ့က ထိန်းသိမ်းစောင့်ရှောက်ခံရမှုကို အဆုံးသတ်နိုင်ဖို့အတွက် တရားဝင်တောင်းဆိုခွင့်ရဖို့ ကြိုးပမ်းနေပါတယ်။
Source E!Online 

  • ကင်းမရွာကိုလှူဒါန်းဖို့ရရှိခဲ့တဲ့Crownကို မဲဖောက်ရောင်းချမယ်လို့ကြေငြာခဲ့တဲ့အလှမယ်...

  • #ဂီတလောကကိုအပြီးတိုင်နှုတ်ဆက်လိုက်ပြီဆိုတဲ့အဆိုတော်ရိန်မိုး

  • #သရုပ်ဆောင်သက်မွန်မြင့်၊ အေးမြတ်သူ၊ ချစ်သုဝေ တို့အပါအဝင်အနုပညာရှင်(24)ဦးတို့ကို ပုဒ်မ၅၀၅-ကဖြင့်အမှုဖွင့်အရေးယူထားခြင်းရုပ်သိမ်း

  • #မိတ်ကပ်မေဦးမောင်_တော်ဝင်သူ_လွတ်ပီ

  • #အဆိုတော်မီးနိုဖမ်းဆီးထိန်းသိမ်းခံရ

  • #ဓာတ်ပုံသစ်လေးတွေ ပရိသတ်တွေကို ပြသလာတဲ့ နက္ခတ်တို့ဇနီးမောင်နှံ

  • ဆန်အိတ်တွေ လှူဒါန်းခဲ့တဲ့သင်ဇာဝင့်ကျော်

  • Grand Royal Special Reserve က ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ ရွှေသားအတိဖြင့်ပြုလုပ်ထားသော ရွှေပုလင်းကံထူးရှင်ကို ထုတ်ဖော်ဂုဏ်ပြု

  • စည်သူ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

  • လူရွှင်တော်ဦးနေကျော်ကို မေတ္တာမြင့်မြတ်ဟိန်းနဲ့သူငယ်ချင်းတစ်စုကဂါဝရပြုလှူဒါန်း

  • ရဲတိုက်၊ Beauty Blogger ဝင်းမင်းသန်း တို့ ပုဒ်မ ၅၀၅- က အတွက်လွတ်ငြိမ်းရသော်လည်း အခြားအမှုများရှိနေသေး၍ ကျန်နေခြင်းဖြစ်

  • Dettol Myanmar မှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များထံ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာခြင်းများဝေမျှခဲ့

  • အကယ်ဒမီကျော်သူ၏ဖခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်

Contact Us

09-43185299



Room No.101,1'st Floor, Building D, Maha Bandula Tower, Maha Bandula Road, Pazundaung. Beside east point Ocean, Same floor with Eaindra online Store.