#WorldEntertainment
Published 4 October 2021

ဗုဒ္ဓဟူးနေ့က အမ်မီနမ်ဟာ ဒက်ထရွိက်မြိုထဲရှိ Mom's Spaghetti လိုအမည်ပေးထားတဲ့ သူ့ရဲ့စားသောက်ဆိုင်ဖွင့်ပွဲမှာ လာရောက်အားပေးတဲ့ဧည့်သည်တွေကို သူကိုယ်တိုင်ဧည့်ခံကာ အံ့အားသင့်စေခဲ့ပါတယ်။
ဆလင်းရှိတ်ဒီကလည်း အဲဒီကိုမမျှော်လင့်ဘဲ ရောက်ရှိနေပြီး ရောင်းတဲ့နေရာမှာ တွေ့မြင်ခဲ့ရပါတယ်။
ဒီရက်ပါအဆိုတော်ရဲ့ ဆိုင်နာမည်ကိုတော့ ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ အမ်မီနမ်ရဲ့ "Lose Yourself" သီချင်းထဲက စာသားအတိုင်း အမည်ပေးခဲ့တာဖြစ်ပါတယ်။

"His palms are sweaty, knees weak, arms are heavy, There's vomit on his sweater already, mom's spaghetti" လို အမ်မီနမ်က ရက်ပ်သီဆိုခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ပရိသတ်တွေက အမ်မီနမ်ကို ချက်ချင်းသတိပြုမိသွားပြီး ခေါက်ဆွဲတွေ အသားလုံးတွေနဲ့ မီနူးထဲမှာပါတဲ့ အီတလီအစားအသောက်တွေကို အမ်မီနမ်ကိုယ်တိုင် ရောင်းချနေတဲ့ပုံတွေကို ဆိုရှယ်မီဒီယာတွေမှာ တင်ခဲ့ကြတာဖြစ်ပါတယ်။

မီနူးထဲမှာဆိုရင် Mom's spaghetti က ၉ ဒေါ်လာ၊ Mom's spaghetti ကိုအသားလုံးနဲ့က ၁၂ ဒေါ်လာ၊ spaghetti Sandwich, Spaghetti နဲ့ပေါင်မုန့်က ၁၁ ဒေါ်လာဆိုပြီး ဖော်ပြထားပါတယ်။
"Mom's spaghetti -- it's all ready" ဆိုတဲ့စာသားနဲ့ စားသောက်ဆိုင်ဖွင့်ပြီဖြစ်ကြောင်း ကြော်ငြာပရိုမိုးရှင်းတစ်ခုမှာ ကြေညာလိုက်ပါတယ်။

အော်စကာနဲ့ ဂရမ်မီဆုရရှိထားတဲ့ ဒီအဆိုတော်သရုပ်ဆောင်ဟာ ၂၀၁၇ ကလည်း ယာယီစားသောက်ဆိုင်လေး ဖွင့်ခဲ့ပါသေးတယ်။ဒီစားသောက်ဆိုင်ဟာ ဝုဒ်ဝါ့လမ်းမကြီးမှာတည်ရှိပြီး ထိုင်ခုံအရေအတွက် ကန့်သတ်ချက်နဲ့ဖြစ်ပြီး ရောင်းချတဲ့အပေါက်ဝနေရာလေး ရှိပါတယ်။
Source CNN 

  • ကင်းမရွာကိုလှူဒါန်းဖို့ရရှိခဲ့တဲ့Crownကို မဲဖောက်ရောင်းချမယ်လို့ကြေငြာခဲ့တဲ့အလှမယ်...

  • #ဂီတလောကကိုအပြီးတိုင်နှုတ်ဆက်လိုက်ပြီဆိုတဲ့အဆိုတော်ရိန်မိုး

  • #သရုပ်ဆောင်သက်မွန်မြင့်၊ အေးမြတ်သူ၊ ချစ်သုဝေ တို့အပါအဝင်အနုပညာရှင်(24)ဦးတို့ကို ပုဒ်မ၅၀၅-ကဖြင့်အမှုဖွင့်အရေးယူထားခြင်းရုပ်သိမ်း

  • #မိတ်ကပ်မေဦးမောင်_တော်ဝင်သူ_လွတ်ပီ

  • #အဆိုတော်မီးနိုဖမ်းဆီးထိန်းသိမ်းခံရ

  • #ဓာတ်ပုံသစ်လေးတွေ ပရိသတ်တွေကို ပြသလာတဲ့ နက္ခတ်တို့ဇနီးမောင်နှံ

  • ဆန်အိတ်တွေ လှူဒါန်းခဲ့တဲ့သင်ဇာဝင့်ကျော်

  • Grand Royal Special Reserve က ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ ရွှေသားအတိဖြင့်ပြုလုပ်ထားသော ရွှေပုလင်းကံထူးရှင်ကို ထုတ်ဖော်ဂုဏ်ပြု

  • စည်သူ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

  • လူရွှင်တော်ဦးနေကျော်ကို မေတ္တာမြင့်မြတ်ဟိန်းနဲ့သူငယ်ချင်းတစ်စုကဂါဝရပြုလှူဒါန်း

  • ရဲတိုက်၊ Beauty Blogger ဝင်းမင်းသန်း တို့ ပုဒ်မ ၅၀၅- က အတွက်လွတ်ငြိမ်းရသော်လည်း အခြားအမှုများရှိနေသေး၍ ကျန်နေခြင်းဖြစ်

  • Dettol Myanmar မှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များထံ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာခြင်းများဝေမျှခဲ့

  • အကယ်ဒမီကျော်သူ၏ဖခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်

Contact Us

09-43185299



Room No.101,1'st Floor, Building D, Maha Bandula Tower, Maha Bandula Road, Pazundaung. Beside east point Ocean, Same floor with Eaindra online Store.