“ဖာလူဒါရောင်းတာက အနုပညာလုပ်ငန်းနားနေလို့ ကူးလိုက်တာမျိုးမဟုတ်ဘူး။ ရေပေါ်ဆီမဖြစ်စေချင်ဘူး အိမ်စီးပွားရေး ကတစ်လိုင်း၊ ကိုယ်ဝါသနာပါတဲ့ အနုပညာကတစ်လိုင်း ခွဲထားတယ် ...." လူရွှင်တော် လန်ဒန်
"ယူကျူ့ကနေ ဝင်ငွေ ရတဲ့ အနုပညာရှင်တွေ တော်တော်များများ နိုင်ငံတကာမှာ ရှိတယ်။ မြန်မာနိုင်ငံမှာတော့ အရမ်းအားနည်းသေးတဲ့ အတွက် ပွဲကရတဲ့ ဝင်ငွေလောက်ပဲရှိကြတာ....." မီးနို
" အရင်ကတည်းက ကိုယ်ပိုင် Product ကိုယ်ပိုင် Brand ထုတ်ချင်ပေမယ့် တစ်ခါမှ လုပ်ဖြစ်ဖို့ Plan မချမိခဲ့ဘူး။ ယောက်ျားလေး တွေအတွက် သီးသန့်ရယ် မဟုတ်ဘူး။ Unisex ဝတ်လို့ရပါတယ် ....." Homemade Accessories လေးတွေထုတ်လုပ်ဖြစ်တဲ့အကြောင်းပြောပြလာတဲ့ .... နေထွဋ်
"အန်တီဝါက များသောအားဖြင့် သူဌေးခန်းရိုက်ရတာများတယ်။ အရပ်အမောင်း နဲ့ ကိုယ်လုံးကိုယ်ပေါက် က ဆင်းရဲတဲ့ အခန်းတွေဆိုအရမ်းကြီး အိုဗာတွေ ရုပ်ချရတယ် ..... ဝါဝါအောင်
"ကြော်ငြာတစ်ခုရိုက်ဖို့ နှစ်ယောက်အတူ ဓါတ်ပုံလေးတစ်ပုံ တင်လိုက်တာကို ရဲလေးမတို့ နှစ်ယောက် ပေါက်ကရတွေ ဗီဒီယိုကော ချက်တယ် ဆိုပြီးပေးစားကြတယ်။အဲ့လိုတိုက်ခိုက်တာမျိုးတော့ မလုပ်သင့်ဘူး ..... " ရဲလေးမ နဲ့ သုတဝေယံ
" စီးပွားရေး က အွန်လိုင်းကနေ ကြော်ငြာလေးတွေ လုပ်ပြီး မုန့်ဟင်းခါးရောင်းတယ်။ဝယ်စားတဲ့သူက နည်းပြီးဈေးသည်ကများလာတော့မကိုက်တော့ဘူး။ထမင်းစားဖို့ရရာလုပ်နေရတယ်..... " လူရွှင်တော်သိန်းဇံ
"Delivery သွားပို့တာ နောက်ကျ လို့ ခြံရှေ့မှာ စောင့်နေတာ။စင်ဒရဲလား ကားထဲက မိထွေးမကြီး စိတ်တိုနေတဲ့ရုပ်နဲ့ ။ အန်တီရယ် တောင်းပန် ပါတယ်ဆိုပြီး ငိုချမိတဲ့ အထိပဲ......." ကိုယ်တိုင် Delivery လုပ်ရင်း တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကိုပြောပြလာတဲ့ ... ထက်ထက်ထွန်း